Header Ads
  • Breaking News
    ယနေ့ တောင်ဥက္ကလာက နေ့ခင်းကြောင်တောင် လုယက်မှု
    14.7.2017
    ယနေ့ မွန်းလွဲ ၂နာရီခန့်တွင် တောင်ဥက္ကလာ ၁၂ရက် ကွက် ဘရဏီ ၁လမ်းအောက်လမ်း 
    အိမ်အမှတ် ၄၁/က တွင်နေထိုင်သူအဖွားဒေါနွယ်နွယ်အေးအား လည်ပင်းညှစ်လုယက်မှုတစ်ခု 
    ဖြစ်ပွားခဲ့ ပါတယ်။
    အိမ်တွင်အဖွားဒေါ်နွယ်နွယ်အေးတစ်ယောက်တည်းရှိနေ စဉ် စည်ပင်ဝတ်စုံ နဲ့ အမျိုးသမီး
    တစ်ယောက်သည် ရေကန်ထဲသို့ပိုးသတ်ဆေးလာခတ်တာပါ ဆိုပြီးအော်ပြောပါတယ်။ 
    ဒေါ်နွယ်နွယ်အေးကြားသဖြင့် အထဲဝင်ဖို့ခွင့်ပြုလိုက်ပြီး အိမ်ထဲဝင်တာနဲ့ တပြိုင်နက် အိမ်သာထဲ
    ကိုခေါ်သွားပြီး  အဖွားဒေါ နွယ်နွယ်အေးမှာရှိတဲ့ လက်ကောက် ၁၄ ကွင်းကို အကုန်ချွတ်ယူ
    ပါတယ်။
    ဒါ့အပြင် တစ်ဖက်ကလည်းဘောပင် နဲ့ လည်ပင်းကိုစောင့်ထိုးထားပါတယ်။လက်ကောက်
    အားလုံးချွတ်ပြီးတော့ အဖွားကြီး ကျွန်မလက်ကောက်တွေလည်းရပြီ ရှင့်ကိုသတ်ပစ်ရမလား
    လို့ အဖွားကြီးကိုမေးတော့ အဖွားကြီးက ကယ်ကြပါဦး ကယ်ကြပါဦး ဆိုပြီးအော်ခေါ်ရာမှ 
    ဘေးအိမ်မှ အန်တီတစ်ယောက်နဲ့ ဦး လေးကြီးတို့ နှစ်ယောက် ထွက်လာပြီး အိမ်ထဲ သိုဝင်လာကာ 
    သူ၏လက်ထဲတွင် အဖွားဒေါ်နွယ်နွယ်အေး၏ လက်ကောက်များနှင့် အဖွားအား လည်ပင်းကို
    ဘောပင်နဲ့စောင့်ထိုးနေတာကို မြင်ရသဖြင့် အတင်းဆွဲကြပြီးအော်ခေါ်ပြီး ဝိုင်းဖမ်းလိုက်ကြရာတာ  
    Posted-Aye Chan Moe FB.
    #Edkza@TMN
    No comments
    Post Top Ad
    Post Bottom Ad